အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ စာချုပ်သစ်အရ အသင်းရဲ့လုပ်ခအများဆုံးကစား သမား ဖြစ်လာပါတယ်။
နော်ဝေကစားသမားဟာ အိုဒီဂတ်ဟာ အာဆင်နယ်နဲ့ ၂၀၂၈ ခုနှစ်အထိ ဆက်ရှိစေမယ့် ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းအထိ ရရှိလာမှာပါ။ ဒီပမာဏဟာ လက်ရှိအာဆင်နယ်ကစားသမားတွေထဲမှာ အများဆုံးဖြစ်လာခဲ့တာပါ။
အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အလွန်လွယ်ကူခဲ့ပြီး အသင်းတာဝန်ရှိသူတွေ၊ ပရိသတ်တွေနဲ့ အရာအားလုံးက ကောင်းမွန်တဲ့ တွဲဖက်မှုတွေဖြစ်လာခဲ့ကြောင်း အိုဒီဂတ်က ပြောပါတယ်။
အသင်းနဲ့အတူ ဆုဖလာတွေ ရယူနိုင်ဖို့က အကြီးမားဆုံးအိပ်မက်ဖြစ်ပြီး ဒီလို ရည်ရွယ်ချက်တွေကြောင့် စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အိုဒီဂတ်က ပြောပါတယ်။
အာဆင်နယ်အသင်းမှာ အိုဒီဂတ်ပြီးနောက် ကိုင်ဟာဗက်ဇ်၊ ဂါဘရီရယ်ဂျေဇူး၊ ဒက်ကလန်ရိုက်စ်၊ ပါတေးနဲ့ ဆာကာတို့က လုပ်ခအများဆုံးစာရင်းမှာ အစဉ်လိုက် ရပ်တည်နေပါတယ်။
Photo-Reuters