ဘန်လေအသင်းကိုအနိုင်ယူဖို့ လွယ်ကူမှာမဟုတ်ကြောင်း မန်ချက်စတာ ယူနိုက်တက် နည်းပြအဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ဘန်လေအသင်းနဲ့ တွေ့ဆုံ နေတာပါ။ ဘန်လေဟာ ဘောလုံးကို ပြင်းပြင်းပြပြ ကစားတက်တာကြောင့် အနိုင်ရဖို့ လွယ်ကူမှာ မဟုတ်ကြောင်း၊ အကောင်းဆုံး ကစားပုံပြသနိုင်ဖို့ လိုအပ်ကြောင်း ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
အသင်းလူစာရင်းကနေ ထုတ်ပယ်ထားတဲ့ တောင်ပံတိုက်စစ်မှူး ဂျေဒန်ဆန်ချိုအနေနဲ့ ဘန်လေနဲ့ပွဲကို ဆက်လက် လွဲချော်မှာဖြစ်ပြီး အသင်းကြီးလူစာရင်းမှာ ပြန်လည် ပါဝင်ဖို့က ကစားသမားဖြစ်သူရဲ့အပေါ်မှာပဲ မူတည်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဘန်လေနဲ့ပွဲမှာ မက်ဂွဲယား၊ ဗာရန်း၊ မေဆန်မောင့်၊ အမ်မရာဘတ်တို့လည်း ဆက်လက်လွဲချော်မှာ ဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က အတည်ပြုသွားပါတယ်။
Photo-Reuters