အခုနှစ်ရာသီမှာ ဥရောပပြိုင်ပွဲမကစားရတာကို အားသာချက်အဖြစ် ရယူနိုင်ဖို့လိုအပ်ကြောင်း ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ မနှစ်က အဆင့် ၁၂ နဲ့ ရာသီသိမ်းခဲ့တာကြောင့် ဥရောပပြိုင်ပွဲ ကစားခွင့်မရခဲ့ဘဲ ပရီးမီးယားလိဂ်နဲ့ ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲ နှစ်ရပ်သာ ကစားရမှာပါ။
နည်းပြပိုချက်တီနိုကတော့ ဥရောပဖလားပြိုင်ပွဲမရှိတာက ပရိသတ်တွေအတွက် ခက်ခဲပေမဲ့ ဒီအခြေအနေအပေါ် အားသာချက်အဖြစ်ရယူနိုင်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။
ပိုချက်တီနိုက“ပေးထားတဲ့အခြေအနေတွေက အလုပ်ပိုလုပ်ဆောင်နိုင်ဖို့ အချိန်တွေထွက်လာပြီး ကျနော်တို့ အတွက် ကောင်းမွန်တဲ့ ရက်သတ္တပတ်ဖြစ်ခဲ့တယ်။ ဥရောပပြိုင်ပွဲကစားနေကျဖြစ်လို့ ပရိသတ်တွေအတွက် ခက်ခဲနိုင်ပေမဲ့ ဒီအခြေအနေကို အားသာချက်အဖြစ် ရယူနိုင်ဖို့လိုအပ်ပါတယ်” လို့ ပြောပါတယ်။
အသင်းရဲ့ရလဒ်ပိုင်း မကောင်းသေးပေမဲ့ ကစားသမားတွေ ဒဏ်ရာပြဿနာရှိနေတာ ကလည်း ခက်ခဲစေပြီး အသင်းလူစာရင်းက ပိုကောင်းတဲ့ရလဒ်တွေနဲ့ ထိုက်တန်ကြောင်း ပိုချက်တီနိုက ပြောသွားပါတယ်။
Photo-Reuters