မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ဖုန်းပြင်ဆိုင်တဆိုင်က ဆိုင်ပိုင်ရှင်နဲ့ အလုပ်သမား နှစ်ယောက်တို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်
သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းဘေးမှာ ဖွင့်လှစ်ထားတဲ့ ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ကိုအောင်ကိုဟိန်နဲ့ ဆိုင်အလုပ်သမားတွေဖြစ်ကြတဲ့ ညီညီလွင်/ ညီညီထွေးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ် "
ဆိုင်ရှင်နဲ့ အလုပ်သမား နှစ်ယောက်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ နိုင်ငံရေး လှုံဆော် စာသားဖြန့်ဝေတာကြောင့် ဖမ်းဆီးခံရတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်
"အခုက စစ်ကောင်စီတပ်ဘက်က လူမှုကွန်ယက်မှာ နိုင်ငံရေးလှုံဆော်လို့ ရေးသားဖြန့်ဝေတယ်ဆိုပြီး ဖမ်းဆီးခံရတာဟာ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်မှု အခွင့်ရေး ဆုံးရှုံးတဲ့အပြင် ခြိမ်းခြောက်သလိုခံစားရတယ်”လို့ မြို့ခံတယောက်က ပြောပါတယ် "
အဆိုပါဖြစ်စဥ်နဲ့ ပတ်သက်လို့ သံဖြူဇရပ်မြို့မရဲစခန်းမှာ ဆိုင်ရှင်နဲ့ အလုပ်သမား ၂ ယောက်အား အမှုဖွင့်အရေးယူထားပါတယ်။