အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီ အနေနဲ့ စတုတ္ထမြောက်ကလေးယူမယ်ဆိုရင် သမီးမိန်းကလေးရဖို့ ဆန္ဒရှိနေတယ်လို့ ပြောပါတယ်။
အမေရိကန်လပ် အင်တာမိုင်ယာမီမှာကစားနေတဲ့ မက်ဆီမှာ သီယာဂို၊ မက်တီယို၊ စီယို ဆိုတဲ့ သား ယောကျ်ာားလေး ၃ ဦးရှိပါတယ်။
နောက်ထပ်ကလေးရယူဖို့ အခြေအနေနဲ့ ပတ်သက်ပြီး အာဂျင်တီးနားဟာသ သရုပ်ဆောင် ဂရာနာဒေါ့စ်နဲ့ အင်တာဗျူးမှာ မက်ဆီက ပြန်လည် ဖြေကြားခဲ့တာပါ။
ကလေးထပ်ယူဖို့ ကြိုးပမ်းနေတာမျိုးမရှိပေမဲ့ ဘယ်အချိန်မှာ ရလာမလဲဆိုတာ မသိနိုင်ကြောင်း၊ သမီးမိန်းကလေးတစ်ဦး ရလာမလားဆိုတာကိုလည်း စောင့်ကြည့်သွားရမှာဖြစ်ကြောင်း မက်ဆီက ပြောပါတယ်။
သားသုံးယောက်စလုံးဟာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးရှိကြပြီး ဇနီးဖြစ်သူ အန်တိုနယ်လာက မိခင်ကောင်းတစ်ဦးဖြစ်ကြောင်း၊ ဘောလုံးကစားဖို့ အဝေးရောက်နေချိန်မှာ သားသုံးဦးကို အချိန်ပြည့် ကြည့်ရှုစောက်ရှောက်ပေးသူဖြစ်ကြောင်း မက်ဆီကချီးကျူးသွားပါတယ်။
Photo-Reuters