ဘရာဇီးနိုင်ငံ အမေဇုန်မှာ မြစ်ရေတွေ လျော့နည်းလာတာဟာ ဝေးလံခေါင်သီတဲ့ ရပ်ရွာတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ပို့ဆောင်ရေးတွေကို ခြိမ်းခြောက်နေပါတယ်။
ဘရာဇီးနိုင်ငံ အာမာဇိုးနားစ်ပြည်နယ်ရှိ ဆူလီမိုစ်မြစ်ဟာ ဆယ်နှစ်အတွင်းမှာ ဒုတိယအကြိမ် အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကို ကြုံတွေ့နေရကြောင်း ဘရာဇီး ဘူမိဗေဒဌာနတွေအရ သိရပါတယ်။
မြစ်တွေဟာ ဒီရပ်ရွာတွေအတွက် အသက်သွေးကြောဖြစ်ပြီး ထောက်ပံ့ရေးပစ္စည်းတွေအတွက် အဓိကလမ်းကြောင်း ဖြစ်ပါတယ်။
တချို့လှေကြီးတွေဟာ နိမ့်ဆင်းနေတဲ့ ရေပြင်ကို လှော်ခတ်မောင်းနှင်လို့ မရတော့တာကြောင့် ဒေသခံတွေဟာ ကနူးလှေတွေကို အသုံးပြုပြီး အစားအစာနဲ့ လောင်စာဆီ အမြောက်အမြားကို တင်ဆောင်ခဲ့ကြပါတယ်။
ကျယ်ပြောလှတဲ့ ဆူလီမိုစ်မြစ်ဟာ လက်ရှိမှာ အလွန်ကို ခြောက်သွေ့နေလို့ လူတွေ လမ်းလျှောက်နိုင်ကြပါတယ်။
ဒေသ ကျောင်းဆရာတွေနဲ့ သူတို့ရဲ့ ကျောင်းသားတွေဟာ မြစ်ကိုအသုံးပြုပြီး ကျောင်းသွားတက်ကြရပေမဲ့ အခု သူတို့ဟာ သီးနှံစိုက်ခင်းတွေကို ဖြတ်ပြီး လမ်းကြောင်းအမျိုးမျိုးကနေ လျှောက်ပြီး သွားနေကြပါတယ်။
Source/Photo-Reuters