Home
နိုင်ငံတကာ
နယူးယောက် နေ့ကလေးထိန်းကျောင်းတွင် ကလေးငယ် ၁ ဦး ဖန်တနောအဆိပ်သင့် သေဆုံး
DVB
·
September 21, 2023
Baby death in New York_Reuters_21092023

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က နေ့ကလေးထိန်းဂေဟာတခုမှာ အသက် ၁ နှစ်အရွယ် ကလေးငယ်တယောက်  ဖန်တနော အဆိပ်သင့် သေဆုံးသွားပြီးတဲ့နောက် လူနှစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ABC သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဖယ်ဒရယ် အာဏာပိုင်တွေက စက်တင်ဘာ ၁၉ ရက်မှာ နယူးယောက်မြို့ ဘရွန်းနစ်စ်အပိုင်းမှာရှိတဲ့ ဒါဗီနိုနီနို နေ့ထိန်းဂေဟာမှာ ထုပ်ပိုးဖို့ ဖန်တနော၊ စက်ယန္တရားတွေနဲ့ ပစ္စည်းတွေ အမြောက်အမြား တွေ့ခဲ့တယ်လို့ WABC သတင်းဌာနက ဆိုပါတယ်။

ဒီနေ့ကလေးထိန်းဌာနက ကလေး ၄ ယောက်ဟာ စက်တင်ဘာ ၁၅ ရက်က ဖျားနာလာပြီး ဂေဟာပိုင်ရှင် ဂရေးမန်းဒက်ဇ်က ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အရေးပေါ်ဌာနက တာဝန်ရှိသူတွေကို မခေါ်မီ သူ့ခင်ပွန်းကို ဖုန်းဆက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အဲဒီနောက် သူ့ခင်ပွန်းက နောက်ဖေးတံခါးကနေ အိတ်ကြီးတွေကို သယ်လာတာ မြင်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ဒီဖြစ်ရပ်မှာ အသက်တနှစ်အရွယ် နီကိုးလပ်စ်ဒိုမီနီချီ သေဆုံးခဲ့ရပြီး တခြားကလေးငယ် သုံးဦးကတော့ ဒေသန္တရ ဆေးရုံတခုမှာ ပြန်အားပြည့် ကျန်းမာလာနေပါပြီ။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024