အန်အယ်လ်ဒီအစိုးရလက်ထက်က တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်သက်လွင်ဟာ နှလုံးရောဂါနဲ့ စက်တင်ဘာ ၂၀ ရက် ည ၇ နာရီက ရန်ကုန်မြို့ရှိ ကန်သာယာဆေးရုံမှာ ကွယ်လွန်ခဲ့ကြောင်း ဆွေမျိုးနီးစပ်တွေဆီက သိရပါတယ်။
ဖခင်ဖြစ်သူ ကွယ်လွန်ကြောင်းကိုလည်း သမီးဖြစ်သူ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မိကွန်းချမ်းက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
နိုင်သက်လွန် ကွယ်လွန်ချိန်မှာ အသက် ၈၃ နှစ်ရှိပြီး ၁၉၈၈ မတိုင်ခင်ကတည်းက မွန်ဒီမိုကရေစီပါတီမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးသမားတယောက် ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ မွန်ဒီမိုကရေစီပါတီ (MDP) မှာ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၄ ခုနှစ်မှာ မွန်အမျိုးသားပါတီ (MNP) အဖြစ် ပါတီနာမည် ပြောင်းလဲခဲ့ရာမှာလည်း ဒုဥက္ကဋ္ဌ-၁ အဖြစ် တာဝန်ယူခဲ့ပါတယ်။
ဝန်ကြီးဟောင်း နိုင်သက်လွင်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကိုတော့ မော်လမြိုင်မြို့မှာ မီးသင်္ဂြိုဟ်မှာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။