ဆုဖလားရယူနိုင်ရေး ဦးစားပေးပြီး နည်းပြ မော်ရင်ညိုနဲ့ ကွန်တီတို့ကိုခေါ်ယူခဲ့တာက မှားယွင်းခဲ့ ကြောင်း စပါးအသင်းဥက္ကဋ္ဌ လီဗေးက ပြောသွားပါတယ်။
စပါးအသင်းဟာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ သုံးကြိမ်ဖြစ်ခဲ့တဲ့ နည်းပြမော်ရင်ညိုကို ၂၀၁၉ ခုနှစ်မှာ ခေါ်ယူခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလမှာ ထုတ်ပယ်ခဲ့တာပါ။
အလားတူ အီတလီနည်းပြကွန်တီနဲ့ ဝုဗ်နည်းပြ နူနိုဆန်းတို့စ်တို့ကိုလည်း ခေါ်ယူခဲ့ပြီး တစ်ရာသီမပြည့်ခင်မှာပဲ အသီးသီးထုတ်ပယ်ခဲ့တာပါ။
အသင်းရဲ့မဟာဗျူဟာစီမံကိန်းက ဆုဖလားတစ်လုံးရယူနိုင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး ဆုဖလားရယူနိုင်ခဲ့တဲ့ နည်းပြတွေကို နှစ်ကြိမ်အထိ ခေါ်ယူခဲ့ကြောင်း လီဗေးက ပြောပါတယ်။
အဲဒီအမှားတွေကနေ သင်ခန်းစာယူရမှာဖြစ်ကြောင်းနဲ့ လက်ရှိအချိန်မှာတော့ နည်းပြပို့စ်တီကိုဂလူ လက်အောက်မှာ စပါးအသင်းပြန်လာနေပြီလို့ အသင်းဥက္ကဋ္ဌလီဗေးက ပြောသွားခဲ့ပါတယ်။
Photo - Reuters