ယူရို ၂၀၂၄ မှာ စပိန်အသင်း ချန်ပီယံဖြစ်ခဲ့တဲ့အပေါ် နည်းပြမော်ရင်ညိုက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြု စကားဆိုခဲ့ပါတယ်။
ယူရိုဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့စပိန်အသင်းကို နည်းပြမော်ရင်ညိုက ချီးကျူးခဲ့ပြီး သူ့ကိုယ်သူလည်း ဂုဏ်ယူကြောင်းပြောသွားတာပါ။
မော်ရင်ညိုအနေနဲ့ စပိန်အသင်းခေါင်းဆောင် မိုရာတာနဲ့ နောက်ခံလူ နာချို ဖာနန်ဒက်စ်တို့ကို ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲထွက်ခွင့်စတင်ပေးခဲ့တာပါ။
သူ မြေတောင်မြှောက်ပေးခဲ့တဲ့ ကစားသမားတွေက စပိန်အသင်းကို ချန်ပီယံဆုဖလားရယူပေးနိုင်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ပြုကြောင်း နည်းပြမော်ရင်ညိုက ဟာသနှောပြီး ဆိုရှယ်မီဒီယာမှာရေးသားခဲ့တာပါ။
စပိန်ကစားသမားတွေ အတွက်ဂုဏ်ယူသလို နည်းပြ ဒီလာဖရွန်တေးကိုလည်း ချီးကျူးချင်ကြောင်း မော်ရင်ညိုက ပြောသွားပါတယ်။