Home
နိုင်ငံတကာ
ဘရာဇီးတွင် ကိုကင်း ၃ ဒသမ ၆ တန် ဖမ်းမိ
DVB
·
September 20, 2023
Brazil Navy seizes Cocaine_Reuters_20092023

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ပါနမ်ဘူကိုပြည်နယ်ရဲ့ ကမ်းလွန်ပင်လယ်ပြင်က လှေတစီးပေါ်မှာ ကိုကင်း ၃ ဒသမ ၆ မက်ထရစ်တန် ဖမ်းမိခဲ့တယ်လို့ ဘရာဇီးရေတပ်က စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

အာဖရိကတိုက်ဆီ ဦးတည်ပြီး သင်္ဘောသားငါးဦးနဲ့အတူ ကမ်းရိုးတန်းတလျှောက် လူတွေ ကုန်စည်တွေကို တင်ဆောင်ရာမှာသုံးတဲ့ စက်တပ်လှေငယ်တစင်းကို ဖမ်းဆီးရမိခဲ့တယ်လို့ ရေတပ်က ပြောပါတယ်။

ဒါဟာ ဘရာဇီးနိုင်ငံရဲ့ ကမ်းရိုးတန်းမှာ မူးယစ်ဆေးဝါး သယ်ဆောင်မှုကို တိုက်ဖျက်ရေးအတွက် ရေတပ်က ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေအပြီးမှာ သိမ်းဆည်းရမိတာပါ။

၂၀၂၀ ခုနှစ်ကနေ ခုချိန်ထိ ကာလအတွင်း ကိုကင်း ၁၇ တန်ကျော်၊ စီးကရက် ၆၉၅ တန်၊ ငါး ၁၁၃ ဒသမ ၃၄ တန်၊ ဟာရှိ ဆေးခြောက် ၄ ဒသမ ၃ တန်၊ မယ်ရီဟွားနား ဆေးခြောက် ၁၄ တန်နဲ့ သစ် ၃,၁၄၆ ကုဗမီတာတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေတပ်က ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024