ဂျာမန်နည်းပြ နာဂယ်စ်မန်းဟာ ဂျာမနီလက်ရွေးစင်အသင်းကို တာဝန်ယူဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ ဂျပန်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ခြေစမ်းပွဲအပြီးမှာ နည်းပြ ဟန်ဆီဖလစ်ခ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
အဲဒီနောက် ပြင်သစ်နဲ့ ခြေစမ်းပွဲမှာတော့ ဂျာမန်နည်းပြ ရူဒီဗော်လာက ယာယီတာဝန်ယူခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
နာဂယ်စ်မန်းဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။
သူဟာ ဂျာမနီအသင်းမှာ တစ်နှစ် လုပ်ခ ပေါင် ၁၇ သန်းလောက် ရရှိနိုင်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ တရားဝင်စာချုပ် ချုပ်ဆိုသွားဖို့ ရှိပါတယ်။
ဂျာမနီအသင်းဟာ ၂၀၂၄ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပြီး ပြိုင်ဘက် အသင်းတွေက ခြေစစ်ပွဲကစားနေချိန်မှာ ခြေစမ်းပွဲတွေပဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Photo-Reuters