တရုတ်သမ္မတ ရှီကျင့်ဖျင်ကို "အာဏာရှင်" အဖြစ် ရည်ညွှန်းပြောဆိုခဲ့တဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အန်နာလေးနား ဘယ်ယာဘောက်ခ်ရဲ့ မှတ်ချက်ကို တရုတ်နိုင်ငံက အလွန်အမင်း မကျေနပ် ဖြစ်ရတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
“ဘယ်ယာဘောက်ခ်ရဲ့ မှတ်ချက်ဟာ ပွင့်လင်းမြင်သာတဲ့ နိုင်ငံရေး ရန်စမှုလို့ ခေါ်လိုက်ပြီး သူ့မှတ်ချက်ဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ဆိုးဆိုးရွားရွား ချိုးဖောက်ခဲ့တယ်။ တရုတ် အစိုးရဟာ ဂျာမန်အစိုးရကို အလေးအနက် တုံ့ပြန်ခဲ့ပြီးပြီ”လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောပါတယ်။
ဘယ်ယာဘောက်ခ်က သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်း စက်တင်ဘာ ၁၅ ရက်က လူတွေ့ အင်တာဗျူး တရပ်မှာ ယူကရိန်းနိုင်ငံအတွက် ဂျာမန်အစိုးရရဲ့ ထောက်ခံမှုကို အလေးပေး ပြော ကြားခဲ့ပြီး ရှီကို အာဏာရှင်တစ်ဦးအဖြစ် တံဆိပ်ကပ် ပြောဆိုခဲ့ပါတယ်။
Source/Photo-Reuters