တရုတ် - အာဆီယံဆက်ဆံရေးဟာ အာရှပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမှာ အအောင်မြင်ဆုံးနဲ့ အတက်ကြွဆုံး စံနမူနာ ဖြစ်လာပြီလို့ တရုတ်ဝန်ကြီးချုပ်လီချန်က ပြောပါတယ်။
အားလုံးအတွက် မျှဝေထားတဲ့ အနာဂတ်တွေနဲ့အတူ လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက်ရေး ဘယ်လို ပိုတိုးလုပ်ဆောင်မလဲဆိုတဲ့ ရှင်းလင်းတဲ့ ဥပမာပဲလို့လည်း တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။
လီဟာ အကြိမ် ၂၀ မြောက် တရုတ် - အာဆီယံကုန်စည်ပြပွဲနဲ့ တရုတ် အာဆီယံ စီးပွားရေးနဲ့ ရင်းနှီး မြှုပ်နှံရေး ထိပ်သီးညီလာခံတို့ရဲ့ ဖွင့်ပွဲအခမ်းအနားမှာ ခုလို ပြောလိုက်တာပါ။
တရုတ်နိုင်ငံ ကွမ်းရှီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် နန်နင်းမြို့မှာ ဒီပွဲတွေကို ကျင်းပနေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ က တရုတ်-အာဆီယံ ဆက်ဆံရေးကို စတင် တည်ထောင်ချိန်ကတည်းက ခုထိ အပြန်အလှန် ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်မှုကို တရုတ် - အာဆီယံကုန်စည်ပြပွဲက သက်သေပြနေတယ်လို့ လီက ပြောပါတယ်။
နှစ်ဖက်စလုံးက စည်းလုံးညီညွတ်ရေး၊ နှစ်ဖက်လုံး အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်ရေးနဲ့ ကမ္ဘာကြီးအတွက် ထည့်သွင်းစဉ်းစားချက်တွေကို အားဖြည့်ဖို့ကိုလည်း ကတိပြုခဲ့ ကြပါတယ်။
အခမ်းအနားကို မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို ဝန်ကြီးချုပ်တွေ၊ အင်ဒိုနီးရှား ဒုသမ္မတ၊ ထိုင်း ဒုဝန်ကြီးချုပ်နဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့အပြင် တရုတ် အာဆီယံနဲ့ တခြားဒေသတွင်း နိုင်ငံတကာ စီးပွားရေး ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
Source/Photo-Reuters