ဘာစီလိုနာအသင်းဟာ မန်ယူအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။
လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းမှာဖြစ်ပြီး အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်ရှိ အင်္ဂလန် ကစားသမားဟာ နည်းပြအဲရစ်တန်ဟတ်ဂ်နဲ့ ဆိုရှယ်မီဒီယာမှာ အပြန်အလှန် စကားစစ်ထိုးခဲ့ကြပြီးနောက် တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းနေရတာပါ။
စပိန်သတင်းစာ Sport ကတော့ ဘာစီလိုနာအသင်းဟာ ဆန်ချိုရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အခွင့်ရတာနဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမယ်လို့ ဖော်ပြပါတယ်။
ဆန်ချိုကို အသင်းဟောင်း ဒေါ့မွန်အသင်းကလည်း အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
Photo-Reuters