Home
မြန်မာသတင်း
ပဲခူးမြို့​တွင် ရေထပ်ကြီးနေ
DVB
·
September 17, 2023
379736904_236820659329329_752469699116806396_n

ပဲခူးမြို့ပေါ်ရပ်ကွက်တချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေကြီးတာကြောင့် စက်တင်ဘာ ၁၆ ရက်နေ့ကတည်း ရေကြီးရေလျှံထပ်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်ကလည်း စံချိန်တင် ရေကြီးရေလျှံခဲ့ပြီး အခု ပဲခူးမြို့ထဲမှာရှိတဲ့ မြို့သစ်၊ ကျွန်းသာယာ၊ ကျောက်ကြီးစု၊ ဖောင်တော်ဦးနဲ့ သဲတန်းရပ်ကွက်တို့မှာ ရေထပ်ကြီးနေတာပါ။

​ဒေသခံတယောက်က “မြစ်ရေကြီးပြီး ရပ်ကွက်တွေထဲ ရေဝင်နေတာ ၂ ရက်လောက် ရှိပါပြီ။ မိုးကတော့ အခုရွာလိုက် နားလိုက်ပါပဲ။ လက်ရှိတော့ မြစ်ရေမကျသေးသလို အနိမ့်ပိုင်းမှာ ရှိတဲ့သူတွေ ဓမ္မာရုံတွေမှာ ရေဘေးရှောင်နေရပါတယ်။ ရေဘေးရှောင် သိပ်အများကြီးမရှိသလို ပထမလောက်ကလည်း ရေမကြီးတော့ ခုထိတော့ စိုးရိမ်စရာ အများကြီးမရှိပါဘူး” လို့ ပြောပါတယ်။

အဲဒီရပ်ကွက်တွေက ပိုပြီး အနိမ့်ပိုင်းမှာရှိတဲ့ အိမ်ခြေ ၂၀ ကျော်၊ ရေဘေးရှောင် လူဦးရေ ၁၀၀ လောက်ကို ဒေသခံပရဟိတအဖွဲ့တွေက နီးစပ်ရာဓမ္မာရုံတွေမှာ ပြောင်းရွှေ့ ပေးထားပြီး အစားအသောက်နဲ့ ရေသန့်များလည်း ပေးထားတယ်လို့ သိရပါတယ်။

ရေဘေးရှောင်နေသူတယောက်က “လက်ရှိက ကျနော်တို့ ဓမ္မာရုံမှာ နေနေရပါတယ်။ အိမ်ကတော့ အရမ်းနိမ့်တဲ့ ရပ်ကွက်ဘက်မှာကျနေတော့ ပထမတခေါက်ကလို ရေများသွားရင် ပြောင်းရွှေ့ရ ခက်မှာစိုးလို့ ပြောင်းထားတာပါ။ ပရဟိတအဖွဲ့တွေ ထမင်းထုပ် ကမ်းပေးသလို ဒေသခံအချို့ကလည်း လာရောက်ကူညီမှုရှိပါတယ်” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ရေကြီးရာမှာတော့ လူပေါင်း တသောင်းကျော် ရေဘေးရှောင်ခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024