ပိုလန်၊ ဆလိုဗက်ကီးယားနဲ့ ဟန်ဂေရီတို့ဟာ ယူကရိန်းဆန်တင်သွင်းမှုအပေါ် သူတို့ရဲ့ ကိုယ်ပိုင် ကန့်သတ်ချက်တွေကို စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဥရောပကော်မရှင်က ယူကရိန်းရဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် အိမ်နီးချင်း ငါးနိုင်ငံဆီ တင်သွင်းကုန်တွေ တားမြစ်ပိတ်ပင်မှုကို သက်တမ်း မတိုးဖို့ ဆုံးဖြတ်ခဲ့အပြီးမှာ ခုလို ထုတ်ပြန် လိုက်တာပါ။
အီးယူကုန်သွယ်ရေးကော်မရှင်နာမင်းကြီး ဗာလ်ဒီးစ် ဒွန်ဘရော့ဗ်စကီးစ်က နိုင်ငံတွေဟာ ယူကရိန်း ဆန်တင်သွင်းမှုအပေါ် တဖက်သတ် စီမံချက်ချတာကို ရှောင်ကြဉ်သင့်တယ်လို့ ပြောပေမယ့် ပိုလန်၊ စလိုဗက်ကီးယားနဲ့ ဟန်ဂေရီတို့က ယူကရိန်းဆန် တင်သွင်းမှုအပေါ် ကိုယ်ပိုင်ကန့်သတ်ချက်တွေကို ပြန်ချမှတ်ရင်း ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။
ဒါပေမယ့် ယူကရိန်းထွက်ကုန်တွေကို သူတို့ပိုင်နက်အတွင်း ဖြတ်သန်း သယ်ဆောင်ဖို့ကိုတော့ ဆက်လက်ခွင့်ပြုမှာပါ။
တားမြစ်ချက်ထဲမှာ ပြောင်း၊ ဂျုံနှင့် မုန်ညင်းစေ့တို့ အပါအဝင် ကောက်နှံနှင့် အစားအစာ လေးမျိုး ပါမယ်လို့ ပိုလန် စိုက်ပျိုးရေးဝန်ကြီးက ပြောပါတယ်။
အစေ့အဆန်တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသားထွက်ကုန်တွေနဲ့ ပျားရည်အပါအဝင် ယူကရိန်း လယ်ယာထွက်ကုန် ၂၄ မျိုးကို နိုင်ငံတွင်း တင်သွင်းခွင့် ပိတ်ပင်ထားတယ်လို့ ဟန်ဂေရီအစိုးရက သောကြာနေ့မှာ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။
ဆလိုဗက်ကီးယား စိုက်ပျိုးရေးဝန်ကြီးကတော့ စပါး တင်သွင်းခွင့် ပိတ်ပင်မှုကို ကြေငြာ ခဲ့ပါတယ်။
Source/Photo-Reuters