အကျဉ်းစံ မက္ကဆီကန် မူးယစ်ဆေးဘုရင် ဟွာကင်းန် အလ်ချာပို ဂုဇ်မန်းရဲ့ သားဖြစ်သူ အိုဗီဒီယို ဂုဇ်မန်းကို ဖှန်တနဲလ်မှောင်ခိုကူးမှုစွဲချက်ကို ရင်ဆိုင်ဖို့အတွက် စက်တင်ဘာ ၁၅ ရက်က အမေရိကန်ကို လွှဲအပ်ခဲ့ပါတယ်။
ဒါဟာ သေစေတတ်တဲ့ အိုပီအွိုဒ် မူးယစ်ဆေးပျံ့နှံ့မှုကို တားဆီးရေး ဘိုင်ဒန်အစိုးရရဲ့ တွန်းအားပေးမှု ကို မြှင့်တင်တဲ့လုပ်ဆောင်မှုလို့ ဆိုပါတယ်။
ဂုဇ်မန်းမိသားစုနဲ့ ကာလကြာဆက်နွှယ်နေတဲ့ ဆီနာလိုအာဂိုဏ်းမှ စီမံဆောင်ရွက်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုရဲ့ ရှုထောင့်တိုင်းကို တိုက်ခိုက်ဖို့ အမေရိကန်ရဲ့ကြိုးပမ်းချက်တွေထဲမှာ အိုဗီဒီယိုဂုဇ်မန်း ရဲ့ တရားခံလွှဲပြောင်းရေးဟာ လတ်တလောအကျဆုံး လုပ်ဆောင်ချက် ဖြစ်ကြောင်း အမေရိကန် ရှေ့နေချုပ် မားရစ်ခ်ဂါလန်း က ပြောပါတယ်။
ဒီကိစ္စနဲ့နီးစပ်တဲ့ မက္ကဆီကိုအရာရှိနှစ်ဦးကလည်း အသက် ၃၃ နှစ်အရွယ် ဂုဇ်မန်းရဲ့ တရားခံ လွှဲပြောင်းမှုကို အတည်ပြုခဲ့ပါတယ်။
သူ့ဖခင် အလ်ချာပိုရဲ့ မူးယစ်မှောင်ခို အင်ပါယာကို အမွေဆက်ခံသူတဦးဖြစ်တဲ့ အိုဗီဒီယိုဂုဇ်မန်းကို ၂၀၁၉ ခုနှစ်က မြောက်ပိုင်းမြို့ ကူလီအာခန်မှာ ခေတ္တဖမ်းဆီးခံခဲ့ရပေမယ့် သူ့ဂိုဏ်းက ပြန်တိုက်ခိုက်ရင် သွေးထွက်သံယို မဖြစ်ရအောင်ဆိုတဲ့ သမ္မတ အန်ဒရေးစ် မာနူယလ် လိုပက်ဇ် အိုဘရာဒေါ ရဲ့ အမိန့်အတိုင်း ပြန်လွှတ်ခဲ့ရပါတယ်။
ဇန်နဝါရီလမှာ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ဆီနာလိုအာပြည်နယ်မှာ ပြင်းထန်တဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ သူ့ကို ပြန်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters