ပဲခူးတိုင်း၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်က ဇေတဝန်ဘုန်းကြီးကျောင်းမှာ စက်တင်ဘာ ၁၆ ရက် ဒီနေ့မနက် အစောပိုင်းက မီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနကနေ သိရပါတယ်
မနက်အစောပိုင်း ၁၂ နာရီ၊ ၁၅ မိနစ်လောက်က ဇေတဝန်ကျောင်းတိုက်ရဲ့ လျှပ်စစ်မီတာပုံးပေါက်ကွဲရာကနေ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းဆောင် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်တဲ့နေရာကို မီးတပ်ဖွဲ့ မီးငြှိမ်းသတ်ယာဉ်တွေ၊ အထောက်ကူပြု ရေသယ်ယာဉ်တွေနဲ့ မသန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ငြှိမ်းသတ်ခဲ့ပြီး နာရီဝက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းကို မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လအတွင်း မြန်မာနိုင်ငံတဝန်းမှာ မီးဖိုမီး ၁၅၃ ကြိမ်၊ ပေါ့ဆမီး ၂၆၆ ကြိမ်၊ အလိုအလျောက်မီး အကြိမ် ၂ဝ၊ လျှပ်စစ်မီး ၂၇၂ ကြိမ်၊ တောမီး ၉၄ ကြိမ်နဲ့ မိုးကြိုးပစ်လို့ ၄ ကြိမ်လောင်ခဲ့တယ်လို့ မီးသတ်ရဲ့စာရင်းအရ သိရပါတယ်။