နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အစောဆုံးပွဲစဉ်အဖြစ် ကစားရမယ့် ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ဝေဖန်သွားပါတယ်။
လီဗာပူးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်ကို ယူကေအချိန် မွန်းလွဲ ၁၂ နာရီခွဲ၊ မြန်မာအချိန် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်သွားရမှာပါ။
နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အစေားဆုံးကစားရမယ့် အပေါ် နည်းပြကလော့ပ်က ဝေဖန်ခဲ့ပြီး ၂၄ နာရီလောက်အတွင်းမှာ တစ်ပွဲကစားနေရတာဟာ ရယ်စရာ ဟာသတစ်ခု ဖြစ်ကြောင်း ကလော့ပ်က ဝေဖန်ပါတယ်။
“မတ်အထိ နိုင်ငံတကာပွဲစဉ်တွေက ၄ ကြိမ် ရှိပါမယ်။ အဲဒီလေးကြိမ်မှာ အစောဆုံးပွဲစဉ်တွေ ကစားရမှာက ၂ ကြိမ်အထိရှိနေတာပါ။ ကျနော်တို့မှာ တောင်အမေရိက က ကစားသမားတွေရှိတဲ့ အတွက် ၂၄ နာရီအတွင်းမှာ ပွဲကစားရတာကို ကျနော် မကြုံခဲ့ဖူးပါဘူး။ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာမဟုတ်ဘဲ ပုံမှန်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ နိုင်ငံပွဲကစားခဲ့ရသူတွေ ပြန်လည် လန်းဆန်းမှုရှိလာဖို့ အချိန်မလုံလောက်တာက ပြဿနာဖြစ်ပါတယ်”လို့ နည်းပြကလော့ပ်က ပြောပါတယ်။
လီဗာပူးလ်အသင်းဟာ မနှစ်ကရာသီက ယူကေအချိန် မွန်းလွဲ ၁၂ နာရီခွဲ ပွဲစဉ် ၆ ပွဲအထိ ကစားခဲ့ရာမှာ သုံးပွဲ သရေ၊ သုံးပွဲရှုံးခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
Photo-Reuters