လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ အသင်းဟောင်း ဒေါ့မွန်အသင်းကို ပြန်လည်တာဝန်ယူသွားဖို့ ရှိပါတယ်။
ဂျာမန်နည်းပြကလော့ပ်ဟာ ဒေါ့မွန်အသင်းမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၇ နှစ်ကြာတာဝန်ယူခဲ့ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံ နှစ်ကြိမ်ဆက်တိုက်ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်အောင်လည်း စွမ်းဆောင်နိုင်ခဲ့ဖူးပါတယ်။
ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ်လက်ကျန်သုံးပွဲ တာဝန်ယူပြီးနောက် အသင်းကနေ ထွက်ခွာတော့မှာပါ။
အားအင် ကုန်ခမ်းနေပြီဖြစ်တာကြောင့် မိသားစုကို အချိန်ပေးချင်ကြောင်း ပြောကြားထားတဲ့ ကလော့ပ်ဟာ လီဗာပူးကနေ ထွက်ခွာအပြီးမှာ အားလပ်ရက်ယူသွားဖို့ရှိပြီး ၂၀၂၅ ခုနှစ်ရောက်မှ ဒေါ့မွန်အသင်းဆီ ပြန်သွားလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
ဒေါ့မွန်အသင်းဆီ တကျော့ပြန်လာဖြစ်မယ်ဆိုရင်တော့ နည်းပြချုပ်ရာထူးနဲ့ မဟုတ်ဘဲ တခြားမတူညီတဲ့ တာဝန်တခုနဲ့ ဖြစ်နိုင်ကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
Photo-Reuters