မန်ယူအသင်းက မလိုအပ်တော့ဘူးဆိုရင် ထွက်ခွာဖို့ စဉ်းစားနိုင်ကြောင်း အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာလာမယ့် ဘောလုံးရာသီမှာ ကစားသမားပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဆောင်ဖို့ ပြင်ဆင်ထားကြောင်း သတင်းထွက်ပေါ်လာချိန်မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနိုင်ကြောင်း ပြောသွားခဲ့တာပါ။
ပေါ်တူဂီကွင်းလယ်ကစားသမားဟာ အခုနှစ်ရာသီမှာ ယူနိုက်တက်အတွက် ၄၅ ပွဲမှာ ၁၅ ဂိုးသွင်း ၁၁ ကြိမ်ဂိုး ဖန်တီးနိုင်ခဲ့သူပါ။
လက်ရှိအချိန်မှာ အက်ဖ်အေဖလား ရယူနိုင်ဖို့နဲ့ နိုင်ငံအသင်းနဲ့အတူ ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်သွားဖို့သာ အာရုံစိုက်ထားပေမဲ့ အသင်းဘက်က မလိုအပ်ချိန်မှာ ထွက်ခွာဖို့ စဉ်းစားနိုင်တယ်လို့ ပြောပါတယ်။
လတ်တလောမှာတော့ အသင်းနဲ့ ပြဿနာ တစုံတရာ မရှိကြောင်းနဲ့ အသင်းမှာ ဆက်လက်ကစားနိုင်ဖို့က အသင်းအပေါ်မှာပဲမူတည်ကြောင်း ပေါ်တူဂီမီဒီယာတခုနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ဟာ မန်ယူနဲ့ ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
Photo-Reuters