Home
နိုင်ငံတကာ
မေဒေးနေ့ ကမ္ဘာ့နိုင်ငံများတွင် အလုပ်သမားများ ချီတက်ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
May 1, 2024
MayDayProtes26_01052024
MayDayProtes25_01052024
MayDayProtes24_01052024
MayDayProtes23_01052024
MayDayProtes22_01052024
MayDayProtes21_01052024
MayDayProtes20_01052024
MayDayProtes19_01052024
MayDayProtes18_01052024
MayDayProtes17_01052024
MayDayProtes16_01052024
MayDayProtes15_01052024
MayDayProtes14_01052024
MayDayProtes13_01052024
MayDayProtes12_01052024
MayDayProtes11_01052024
MayDayProtes10_01052024
MayDayProtes09_01052024
MayDayProtes08_01052024
MayDayProtes07_01052024
MayDayProtes06_01052024
MayDayProtes05_01052024
MayDayProtes04_01052024
MayDayProtes03_01052024
MayDayProtes02_01052024
MayDayProtes01_01052024

မေ ၁ ရက်နေ့မှာ ကျရောက်တဲ့ မေဒေး ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်  နိုင်ငံအသီးသီးမှာ အလုပ်သမားအရေး လှုပ်ရှားသူတွေက အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဗြိတိန်၊ ဒိန်းမတ်၊ တူရကီ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာရှိတဲ့ အလုပ်သမားတွေ၊ အထည်ချုပ်စက်ရုံလုပ်သားတွေသာမက တက္ကသိုလ်ကျောင်းသားတွေပါ ဆန္ဒပြခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

တူရကီနိုင်ငံမှာတော့ အစ္စတန်ဘူလ်မြို့တော်ရှိ အထင်ကရ တာ့ခ်ဆင်မ်ရင်ပြင်မှာ ဆန္ဒပြပွဲတွေကို ပြည်ထဲရေးဝန်ကြီးဌာနက တားမြစ်ခဲ့ပြီးနောက် မေ ၁ ရက်က ရင်ပြင်ဆီ ချီတက်ကြဖို့ ကြိုးစားကြတဲ့ မေဒေးဆန္ဒပြသူတွေကို တူရကီရဲတွေက ထိန်းသိမ်းခဲ့ပါတယ်။

သမိုင်းကြောင်းအရ မေဒေးဆိုရင် တာ့ခ်ဆင်မ်ရင်ပြင်မှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြလေ့ရှိပေမဲ့ မကြာသေးတဲ့နှစ်တွေအတွင်းမှာတော့ ရင်ပြင်ရှိ ဆန္ဒပြမှုအားလုံးကို တားမြစ်ထားတာ ဖြစ်ပါတယ်။

တူရကီသမ္မတ တာယစ် အာဒိုဝန်ဟာ မေလမှာ တာ့ခ်ဆင်မ်ရင်ပြင်မှာ ဘယ်ဆန္ဒပြမှုကိုမဆို ခွင့်မပြုကြောင်း ဧပြီ ၃၀ ရက်မှာ ထပ်လောင်းပြောဆိုခဲ့ပြီး အဲဒီနေရာကို ဦးတည်သွားတဲ့ လမ်းအားလုံးကိုလည်း ရာနဲ့ချီတဲ့ လုံထိန်းရဲတွေနဲ့ မီးသတ်ပိုက်တွေ ပိတ်ဆို့ထားပါတယ်။

ဒါပေမဲ့လည်း အဓိကအတိုက်အခံ ရီပတ်ဘလီကန် ပြည်သူ့ပါတီ (CHP) ရဲ့ ခေါင်းဆောင် အော့ဇ်ဂူး အော်ဇဲလ်က သူ့ပါတီကို အစ္စတန်ဘူလ်ရှိ အချက်အချာနေရာတခုဖြစ်တဲ့ ဆာရာချားနဲ လမ်းဆုံကနေ ၃ ကီလိုမီတာကျော်ဝေးတဲ့ တာ့ခ်ဆင်မ်ရင်ပြင်အထိ ချီတက်ဖို့ တောင်းဆိုခဲ့ပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေး ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ လုံထိန်းရဲတွေဟာ သမိုင်းဝင် ရေလှောင်တမံအောက်မှာ နေရာချထားတဲ့ မီးသတ်ပိုက်တွေရှေ့မှာ ရပ်နေကြပြီးတော့ ရာနဲ့ချီတဲ့ CHP ပါတီ ထောက်ခံသူတွေ စုဝေးကြတဲ့ နေရာနဲ့ မလှမ်းမကမ်းက နယ်မြေ ၂ ခုကြားရှိ လမ်းမကြီးကို ပိတ်ဆို့ထားပါတယ်။

မေ ၁ ရက် မေဒေးနေ့ တာ့ခ်ဆင်မ်ရင်ပြင်မှာ လူတွေကို ခွင့်ပြုပေးဖို့ အနာဂတ်မှာ သူ့ပါတီက ဆက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း အော်ဇဲလ်က အဲဒီနေရာရှိ သတင်းထောက်တွေကို ပြောပါတယ်။

အစ္စတန်ဘူလ်ရဲ့ တခြားနေရာတွေမှာလည်း ရဲတပ်ဖွဲ့နဲ့ တာ့ခ်ဆင်မ်ရင်ပြင်ကို သွားရောက်ဖို့ ကြိုးစားကြတဲ့ တခြား လက်ဝဲယိမ်းအဖွဲ့တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024