မန်ယူအသင်းဟာ တောင်ပံတိုက်စစ်မှူး ဂျေဒန်ဆန်ချိုကို စည်းကမ်းပိုင်းဆိုင်ရာကိစ္စနဲ့ အသင်းကြီး မှာ ပူးပေါင်းလေ့ကျင့်ခွင့်ပိတ်ပင်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ ယူနိုက်တက်အသင်းသားတစ်ယောက်ရဲ့ စံချိန်စံညွှန်း မမီတာကြောင့် အာဆင်နယ်နဲ့ပွဲလူစာရင်းမှာ ရွေးချယ်ခဲ့ခြင်းမရှိတာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က လူသိရှင်ကြားပြောခဲ့တာပါ။
အဲဒီအပေါ်မှာ ဆန်ချိုဘက်ကလည်း လူတွေရဲ့စကားကို မယုံကြည်သင့်ကြောင်းနဲ့ လေ့ကျင့်ရေးမှာ အကောင်းဆုံး ကြိုးစားကြောင်း ပြန်လည်တုံ့ပြန်ခဲ့တာပါ။
အဲဒီနောက် နည်းပြနဲ့ ကစားသမားကြား ဆက်ဆံရေး အခြေအနေတွေကို အသင်းဘက်က ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပြီး ကစားသမားဖြစ်သူကို အသင်းကြီးနဲ့ လေ့ကျင့်ခွင့်ပိတ်ပင်ကာ တစ်ဦးတည်းလေ့ကျင့်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
ဆန်ချို အတွက် နည်းပြတန်ဟတ်ဂ်လက်အောက်မှာ ဒုတိယအကြိမ်မြောက် တစ်ဦးတည်း လေ့ကျင့်ခန်းဆင်း ရတာဖြစ်ပါတယ်။
Photo-Reuters