စိတ်ပိုင်းဆိုင်ရာအကူအညီရယူဖို့ လိုအပ်နေကြောင်း ဘရာဇီးနဲ့ စပါးအသင်း တိုက်စစ်မှူး ရစ်ချာလီဆန်က ပြောသွားပါတယ်။
ရစ်ချာလီဆန်ဟာ ဘရာဇီးက ပီရူးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဂိုးမရခဲ့တာကြောင့် လူစားလဲခံခဲ့ရပြီး အရန်ခုံတန်းမှာ မျက်ရည်တွေကျခဲ့ပါသေးတယ်။
စပါးအသင်းဆီ ပြန်လည် ရောက်ရှိချိန်မှာ စိတ်ပိုင်းဆိုင်ရာ အကူအညီရရှိဖို့ ရှာဖွေသွားရမှာ ဖြစ်ကြောင်း၊ အဲဒီလိုလုပ်ဆောင်ပြီးမှသာ သန်မာစွာနဲ့ အရင်လို ခြေစွမ်းရရှိနိုင်မှာဖြစ်ကြောင်း ရစ်ချာလီဆန်က ပြောပါတယ်။
အသက်၂၆ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ မနှစ်က ပရီးမီးယားလိဂ် ၂၇ ပွဲမှာ ၁၂ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့တာဖြစ်ပါတယ်။