လောင်းကစားစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ် နောက်ခံလူ တော့ဖ်ဖိုလိုကို အက်ဖ်အေက ၅ လပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေးတွေချမှတ်ခဲ့ပါတယ်။
အင်္ဂလန်နောက်ခံလူဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း အက်ဖ်အေက ချမှတ်ထားတဲ့ လောင်းကစားစည်းမျဉ်းကို ၃၇၅ ကြိမ်အထိ ချိုးဖောက်ခဲ့ပြီး ဆိုင်းငံ့ ၅ လပွဲပယ်ပြစ်ဒဏ်နဲ့ ပေါင် ၂၀၀၀၀ ကျော် ဒဏ်ရိုက်ခဲ့တာပါ။
တော့ဖ်ဖိုလိုဟာ အဲဒီနှစ်တွေအတွင်းက ဆွင်ဒန်၊ ရိုသာဟမ်နဲ့ ပီတာဘရော့အသင်းတွေမှာ ကစားခဲ့တာဖြစ်ပြီး မနှစ်က နော်တင်ဟမ်ဖောရက်စ်အတွက် စုစုပေါင်း ၂၁ ပွဲ ကစားခဲ့တာပါ။
ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးကို လောင်းကစားစည်းမျဉ်းချိုးဖောက်မှုနဲ့ ပွဲပယ်နဲ့ ဒဏ်ကြေးတွေ ချမှတ်ခံရပြီးနောက် တော့ဖ်ဖိုလိုက အက်ဖ်အေရဲ့ အရေးယူခံရတဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
Photo - Reuters