အမေရိကန်ပြည်ထောင်စုဟာ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ရဲ့ တစိတ်တပိုင်း အနေနဲ့ လိုအပ်လာရင် ကာတာကဘဏ်အကောင့်တွေကို ငွေအလွှဲအပြောင်း လုပ်ပေးနေတဲ့ အီရန်ရန်ပုံငွေ ဒေါ်လာ ၆ ဘီလီယံကို ထိန်းချုပ်ထားနိုင်မှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
ကာတာရှိ အဲဒီအကောင့်တွေမှာပါရှိတဲ့ ရန်ပုံငွေတွေကို ဘဏ္ဍာရေးဌာနက တင်းကျပ်တဲ့ ကြီးကြပ်မှုနဲ့သာ သုံးစွဲနိုင်ကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက သတင်းထောက်တွေ ပြောကြားခဲ့ပြီး စံသတ်မှတ်ချက်မှာ ရန်ပုံငွေတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် သုံးစွဲဖို့ဖြစ်တယ်လို့လည်း ထည့်သွင်း ပြောသွားပါတယ်။
အီရန်နိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား ၅ ဦးကို အမေရိကန်မှာ အကျဉ်းကျနေတဲ့ အီရန်နိုင်ငံသား ၅ ဦးနဲ့ လဲလှယ်ဖို့ မျှော်လင့်ထားကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်ထ်မစ်လာက “အီရန်ကတော့ ဒီ အမေရိကန်နိုင်ငံသားတွေကို စိတ်ထားကောင်းကောင်းနဲ့ လွှတ်ပေးဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်လို့ ခက်ခဲတဲ့ရွေးချယ်မှုတွေ ပြုလုပ်ပြီး အဲဒီအမေရိကန်နိုင်ငံသားတွေကို နိုင်ငံပြန်ခေါ်ဆောင်နိုင်ဖို့အတွက် ခက်ခဲတဲ့ညှိနှိုင်းမှုတွေကိုလည်း လုပ်ဆောင်ရွက်ရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ အခြေအနေတွေအောက်မှာ အကျဉ်းချခံထားရတဲ့ အမေရိကန်နိုင်ငံသား ၅ ဦးရှိပြီး သူတို့ထဲက ၁ ဦးဟာ ၈ နှစ်ကျော်နေပြီလို့လည်း ဆိုပါတယ်။
Source/Photo-Reuters