ဆူဒန်နိုင်ငံရဲ့ အရန်ကာကွယ်ရေးတပ်ဖြစ်တဲ့ အမြန်ထောက်ကူအင်အားစု (RSF) နဲ့ မဟာမိတ် ပြည်သူ့စစ်တွေက ကျူးလွန်တဲ့ ကျင့်ဝတ်အရ လှုံ့ဆော်တဲ့ တိုက်ခိုက်မှုတွေကြောင့် အနောက်ဒါဖာဒေသမှာ ရာနဲ့ချီပြီး သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗိုလ်ကာတူ့ရ်ခ်က စက်တင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ အနောက်ဒါဖာနဲ့ ဆူဒန်ရဲ့ အနောက်ဘက်အကျဆုံးမြို့ အယ်လ်ဂျီနီနာမှာ အဓိကဖြစ်ပွားခဲ့ကြောင်း ဗိုလ်ကာ တူ့ရ်ခ်က ဂျီနီဗာရှိ လူ့အခွင့်အရေးကောင်စီကို ပြောပါတယ်။
ကျင့်ဝတ်အရ လှုံ့ဆော်တဲ့ တိုက်ခိုက်မှုတွေဟာ အပြစ်မဲ့သူတွေကို တိုက်ခိုက်ပြီးတော့ တတိယပါတီတွေကို သီးခြားခြိမ်းခြောက်တဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်။
လူမျိုးစု သို့မဟုတ် ကျင့်ဝတ်ဆိုင်ရာ စည်းတလျှောက် ပြည်သူ့စစ်တွေရဲ့ မကြာခဏ ဆက်စပ်နေတဲ့ ပါဝင်ပတ်သက်မှုဟာ စိုးရိမ်စရာ လက္ခဏာတွေရှိကြောင်း တူ့ရ်ခ်က ပြောကြားခဲ့ပါတယ်။
ပဋိပက္ခနဲ့ ဆက်နွှယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကလည်း ကပ်ရောဂါသဖွယ် တဖြည်းဖြည်း ပျံ့နှံ့ဖြစ်ပွား များပါးလာကြောင်းလည်း တူ့ရ်ခ်က မီးမောင်းထိုးပြခဲ့ပြီး သူ့ရုံးခန်းမှာ အမျိုးသမီး ၇၅ ဦး၊ အမျိုးသား ၁ ဦးနဲ့ ကလေး ၁၉ ဦး အပါအဝင် ကျူးလွန်ခံရသူ ၉၅ ဦးထက်မနည်း ပါဝင်ခဲ့တဲ့ ဖြစ်ရပ် ၄၅ ခုအတွက် ခိုင်လုံတဲ့ အစီရင်ခံစာတွေ လက်ခံရရှိထားတယ်လို့ ပြောပါတယ်။
ဆူဒန်စစ်တပ်နဲ့ RSF အကြား ဧပြီလကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သွေးထွက်သံယိုမှုတွေ၊ အကြမ်းဖက်မှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုတွေ ပိုမိုပြင်းထန်လာခဲ့ပြီး တိုင်းပြည်ကို ပြည်တွင်းစစ်ရဲ့အစွန်းကို ရောက်အောင် ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
RSF ဟာ အနောက်ဒါဖာဒေသရှိ နယ်မြေ ၂ ခုကလွဲပြီး ကျန်နယ်မြေအားလုံးကို ထိန်းချုပ်ထားကြောင်း လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ပြောပါတယ်။
အယ်လ်ဂျီနိုက်နာမြို့ရှိ အကြီးဆုံး အသိုက်အဝန်းဖြစ်တဲ့ အာရပ်မဟုတ်တဲ့ မာဆာလစ်ထ် လူမျိုးတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ လူတွေဟာ ချဒ်နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ကြရပါတယ်။
Source/Photo-Reuters