လူပေါင်း ၁၅၉ ဦး လိုက်ပါလာတဲ့ ရုရှားနိုင်ငံရဲ့ ယူရလ်လေကြောင်းလိုင်းမှ လေယာဉ်ဟာ ဆိုချီကနေ အွမ်စ်ခ်ကို ပျံသန်းလာချိန် ဆိုက်ဘေးရီးယားအနောက်ပိုင်း နိုဗော့စီဘာ့ခ်ဒေသမှာ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ရုရှားအေဂျင်စီတွေက စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် အရေးပေါ်ဆင်းသက်ရတဲ့ အကြောင်းရင်းကို ချက်ချင်း သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။
နောက်ပိုင်းမှာတော့ လေယာဉ်ကို ကျွမ်းကျင်သူတွေ စစ်ဆေးနေကြောင်း ပြသတဲ့ အခင်းဖြစ်ပွားရာနေရာက ဗီဒီယိုဖိုင်ကို စုံစမ်းစစ်ဆေးသူတွေက ထုတ်ပြန်ခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ လူ ၁၅၉ ဦး လိုက်ပါသွားကြောင်း ရုရှားနိုင်ငံ အင်တာဖက်စ် သတင်းဌာနက ဖော်ပြခဲ့ပြီး အစောပိုင်းမှာ တာ့စ်က အဲဒီလေယာဉ်မှာ လူ ၁၅၆ ဦး လိုက်ပါသွားကြောင်း ဖော်ပြခဲ့ပါတယ်။
Source/Photo-Reuters