မန်ယူနည်းပြဟောင်း ဆိုးလ်ရှားဟာ နော်ဝေအမျိုးသမီးလက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။
အသက် ၅၀ နှစ်ရှိ မန်ယူဂန္ထဝင်ကစားသမားဟောင်းဟာ ၂၀၂၁ ခုနှစ်က တည်းက အိုးထရတ်ဖို့ဒ်ကနေ ထွက်ခွာလာခဲ့ပေမဲ့ လက်ရှိအချိန်အထိ ဘောလုံးလောကနဲ့ ကင်းကွာ နေတာပါ။
နော်ဝေအမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားမှာအခြေမလှခဲ့တဲ့နောက် နည်းပြရစ်စီနဲ့ လမ်းခွဲခဲ့ပြီး ဆိုးလ်ရှားနဲ့ အစားထိုးခန့်အပ်ချင်ခဲ့တာပါ။
ဆိုးလ်ရှားရဲ့သမီးဖြစ်သူ ကာနာဆိုးလ်ရှားဟာလည်း နော်ဝေလူငယ်လက်ရွေးစင်က စားသမားတစ်ဦး ဖြစ်ပါတယ်။
အမျိုးသမီးအသင်းနည်းပြရာထူးကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် ငြင်းဆန်ခဲ့တာဖြစ်ကြောင်း ဆိုးလ်ရှားက ပြောပါတယ်။
နော်ဝေအသင်းကိုကူညီချင်ပေမဲ့လည်း လက်ရှိအချိန်မှာတော့ မိသားစုနဲ့အတူ အနားယူနေရာကို နှစ်သက်သဘောကျနေကြောင်း ဆိုးလ်ရှားက ပြောသွားပါတယ်။
Photo-Reuters