ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ယူအသင်းနည်းပြဟောင်း အိုလေဂမ်နာဆိုးလ်ရှားကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
နောက်ဆုံး သုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါဦးဆောင်သူ လီဗာကူဆင်နဲ့လည်း ၈ မှတ်ကွာဟနေတဲ့ ဘိုင်ယန်အသင်းဟာ နည်းပြသောမက်စ်တူဟယ်ကို ထုတ်ပယ်ဖို့ ဆန္ဒရှိနေတာပါ။
နည်းပြဆိုးလ်ရှားကို ယာယီနည်းပြချုပ်အဖြစ် ရာသီကုန်အထိ ခန့်အပ်လိုနေတာဖြစ်ပြီး ရေရှည်အတွက်တော့ လီဗာကူဆင်နည်းပြ အလွန်ဆိုကို ပစ်မှတ်ထားနေတယ်လို့ စကိုင်းဂျာမနီ ကဖော်ပြပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဆိုးလ်ရှားနဲ့ အဆင်မပြေခဲ့ရင်တော့ အသင်းနည်းပြဟောင်း ဟန်ဆီဖလစ်ကို ရာသီကုန်အထိခန့်အပ်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
နော်ဝေနည်းပြဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ်က မန်ယူအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် လက်ရှိအချိန်အထိ အသင်းလက်မဲ့ ဖြစ်နေတာပါ။
Photo-Reuters