မော်ရိုကိုနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေဟာ စက်တင်ဘာ ၁၀ ရက်မှာ ၂,၁၂၂ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
တခြားလူ ၂,၄၂၁ ဦး ဒဏ်ရာရရှိခဲ့ပြီး မော်ရိုကိုနိုင်ငံရဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးစားကယ်ထုတ်နေပါတယ်။
မာရာကက်ရှ်မြို့ရဲ့ တောင်ဘက် ၂၅ မိုင်အကွာမှာရှိတဲ့ မော်လေး အက်ဘရာဟင်မ်ရွာမှာ ကယ်ဆယ်ရေးသမားတွေနဲ့ စစ်တပ်တွေက ကြီးမားတဲ့ အပျက်အစီးတွေကို ရွှေ့ဖို့ ကြိုးစားနေတဲ့ ဗီဒီယိုဖိုင်ကို ဒေသခံမီဒီယာတွေက ပြသခဲ့ပါတယ်။
မော်ရိုကိုနိုင်ငံမှာ ဆယ်စုနှစ် ခြောက်ခုကျော်အတွင်း လူအသေအပျောက် အများဆုံး ငလျင်ကြောင့် အသက်ရှင်ကျန်ရစ်သူတွေဟာ ဝေးလံခေါင်သီတဲ့ ရွာတွေမှာ ပျောက်ဆုံးသူတွေကို ဆက်ရှာနေကြပြီး အစာရေစာ၊ ရေနဲ့ အမိုးအကာတွေကို ရှာဖွေဖို့လည်း ရုန်းကန်နေကြရပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေဟာလည်း ဝေးလံခေါင်သီပြီး အိမ်တွေအများအပြား ပြိုကျခဲ့တဲ့ တောင်တန်းထူထပ်တဲ့ ဟိုက် အတ္တလပ်စ် ဒေသမှာရှိတဲ့ ငလျင်ဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ ရွာတွေဆီကို ရောက်နိုင်ရေးအတွက် စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။
Source/Photo-Reuters