Home
နိုင်ငံတကာ
ကွမ်တုံပြည်နယ်တွင် သက်ကြီးရွယ်အိုနှင့် ကလေးများကို မုန်တိုင်းဘေးလွတ်ရာ ရွှေ့ပြောင်း
DVB
·
September 11, 2023
China typhoon rescue_Reuters_11092023

တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ မော်မင်မြို့မှာ ကယ်ဆယ်ရေးသမားတွေဟာ ပြင်းထန်တဲ့ ရေကြီးမှုကြောင့် သောင်တင်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV က စက်တင်ဘာ ၁၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ပျက်ပြယ်ခါနီး ဖြည်းဖြည်းချင်း ရွေ့လျားနေတဲ့ တိုင်ဖုန်းမုန်တိုင်း ဟိုက်ကွေ့ရဲ့ မုန်တိုင်းတိမ်တိုက်တွေက တရုတ်နိုင်ငံတောင်ပိုင်းမှာ ၇ ရက်မြောက် မိုးရွာချနေတာပါ။

တိုင်ဖွန်းမုန်တိုင်း ဟိုက်ကွေ့ဟာ စက်တင်ဘာ ၅ ရက်က ဖူကျန့်ပြည်နယ်ကနေ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ပြီးကတည်းက အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားခဲ့တာပါ။

ဒါပေမဲ့ လက်ကျန်အင်အားကြောင့် တရုတ်နိုင်ငံတောင်ပိုင်းမှာ အဆိုးရွားဆုံး မိုးလေဝသ အခြေအနေကို ရင်ဆိုင်ခဲ့ရပြီး လူနေထူထပ်တဲ့ ရှန်ကျန်းမြို့မှာ ၁၉၅၂ ခုနှစ်ကတည်းက ခုထိအချိန်အတွင်း စံချိန်တင် မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပါတယ်။

အိမ်နီးချင်း ဟောင်ကောင်မြို့မှာလည်း နှစ်ပေါင်း ၁၄၀ အတွင်း အဆိုးရွားဆုံး မုန်တိုင်းဒဏ်ကို ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံဆီကို တိုက်ခတ်လာတဲ့ တိုင်ဖွန်းမုန်တိုင်းတွေဟာ ပိုမိုပြင်းထန်လာနေပြီး မုန်တိုင်းလမ်းကြောင်းတွေဟာလည်း ပိုမိုရှုပ်ထွေးလာနေပါတယ်။

သဘာဝဘေးအန္တရာယ်တွေ တိုးမြင့်လာပြီး အပူပိုင်း ဆိုင်ကလုန်းတွေကို ပုံမှန်ရင်ဆိုင်နိုင်တဲ့ ရှန်ကျန်းလို ကမ်းရိုးတန်းမြို့တွေမှာပါ သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024