ဆားဘီးယားမြို့တော်၊ ဘဲလ်ဂရိတ်မှာ LGBT တွေရဲ့ အခွင့်အရေးမြှင့်တင်ဖို့နဲ့ ပက်သက်ပြီး စက်တင်ဘာ ၉ ရက်က ထောင်နဲ့ချီတဲ့ လူတွေဟာ အရောင်စုံလင်လှတဲ့ ဆန္ဒပြပွဲအတွင်း စုရုံးပါဝင်ခဲ့ကြပါတယ်။
"ငါတို့လိုချင်တာနဲ့ နီးတောင် မနီးစပ်ဘူး" ဆိုတဲ့ ကြွေးကြော်သံတွေအောက်မှာ ဆန္ဒပြသူတွေက အာရုံစိုက်မှုရရှိဖို့အတွက် ကြိုးပမ်းခဲ့ကြပါတယ်။
ဆာဘီးယားအစိုးရရုံးတွေနဲ့ လွှတ်တော်အထိပါဝင်တဲ့ လမ်းကြောင်းအတိုင်း ဒီဆန္ဒပြသူတွေက မြို့တလျှောက် ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆာဘီးယားနိုင်ငံမှာ လိင်တူချင်းဆက်ဆံမှုက တရားဝင်ဖြစ်ပေမဲ့လည်း လိင်တူလက်ထက်မှုကိုတော့ ခွင့်ပြုထားတာမျိုး မရှိသေးပါဘူး။
LGBT အသိုင်းအဝိုင်းဟာ ရန်လိုမှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ပေးပါတယ်။
အရင်တုန်းက လိင်တူချီတက်ပွဲတွေမှာလည်း အမျိုးသားရေးဝါဒီတွေ အပါအဝင် ဘာသာရေးဆိုင်ရာရှေးရိုးစွဲဝါဒီတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး အကြမ်းဖက်မှုကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့စနေနေ့က ချီတက်ပွဲမှာတော့ လူပေါင်း ၁၅၀၀၀ အထိ ပါဝင်ခဲ့သလို ငြိမ်းချမ်းမှုလည်း ရှိတယ်ဆိုပြီး ပွဲစီစဉ်သူတွေအနေနဲ့ ပြောကြားသွားပါတယ်။
တချိန်တည်းမှာ ဘာသာရေး သင်္ကေတတွေနဲ့ တန်ပြန်ဆန္ဒပြခဲ့သူ အနည်းငယ်ပါ ရှိတယ်လို့လည်း သိရပါတယ်။
Source/Photo-Reuters