Home
မြန်မာသတင်း
မြောက်ဒဂုံတွင် ဖုန်းပစ္စည်းဆိုင် ဝါယာရှော့ဖြစ်မီးလောင်
DVB
·
September 10, 2023
375873445_280494524726121_1163989262398032713_n

ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က ဖုန်းအပိုပစ္စည်းဆိုင်တခုမှာ မနေ့ညပိုင်းက ဝါယာရှော့ဖြစ်ပြီး မီးလောင်ခဲ့တယ်လို့ မြောက်ဒဂုံမီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ည ၁၁ နာရီခွဲလောက်မှာ မီးလောင်မှုသတင်းရရှိခဲ့တာကြောင့် မြောက်ဒဂုံမြို့နယ် မီးသတ်ယာဉ်တွေနဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေက သွားရောက် ငြှိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အဲဒီဆိုင်ဟာ ဖုန်း၊ ကွန်ပြူတာအပိုပစ္စည်းနဲ့ အလှကုန်တွဲရောင်းတဲ့ ၂ ခန်းတွဲ ဆိုင်ခန်းဖြစ်ပြီး အတွင်းခန်းထဲက မီးလောင်နေတာကြောင့် မီးသတ်တပ်ဖွဲ့က တံခါးဖျက်ပြီး ဝင်ရောက်ငြှိမ်းသတ်ခဲ့ရတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “လမ်းမတန်းက ဖုန်းပစ္စည်းဆိုင်တခုမှာ အတွင်းက လှိုက်လောင်နေတာ၊ အထဲမှာလူတော့ မတွေ့ခဲ့ရဘူး။ ဆိုင်ပိတ်ချိန် ၈ နာရီလို့တော့ တွေ့တယ်။ မီးလောင်တာက ၁၁ ခွဲလောက်။ ဝါယာကြိုးတွေ မီးစွဲပြီး လောင်တဲ့ပုံပါ။ တံခါးတော့ ဖျက်ပြီးမှ ငြှိမ်းလို့ ရသွားတယ်” လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ဆိုင်မျက်နှာစာအပါအဝင် ဆိုင်သုံးပစ္စည်းနဲ့ အခန်းအရှေ့ပိုင်း လောင်ကျွမ်းပျက်စီးသွားပြီး ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

ဆိုင်မီးလောင်မှုရဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့က တွက်ချက်နေဆဲ ဖြစ်တယ်လို့သိရပြီး စက်တင်ဘာ ၉ ရက်မှာပဲ နေ့လယ် ၁ နာရီခွဲလောက်က ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ဘားလမ်းကုသိုလ်ဖြစ်ဆေးရုံနဲ့ တောင်ဒဂုံစက်မှုဇုန်ရှိ စက္ကူစက်ရုံတို့မှာ မီးလောင်ကျွမ်းခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024