အခုသီတင်းပတ် အစောပိုင်းက ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်သမားလို့ သံသယရှိသူ ဗြိတိန် စစ်သားဟောင်း တဦးကို ပြန်ဖမ်းမိပြီးတဲ့နောက် ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်ဟာ ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေကို စက်တင်ဘာ ၉ ရက်မှာ ကျေးဇူးတင်စကား ပြောပါတယ်။
အသက် ၂၁ နှစ်အရွယ် ဒယ်နီယယ် အဘ်ဒယ်လီ ခါလီဖှီဟာ လန်ဒန်မြို့ ဝမ်းစ်ဝါ့သ် အကျဉ်းထောင် ကနေ ထွက်ပြေးလာပြီး ဗုဒ္ဓဟူးနေ့မနက်က အလုပ်လုပ်နေရင်း အစားအသောက်ပို့တဲ့ ကုန်ကား အောက်ဘက်မှာ သူ့ကိုယ်သူ ချည်နှောင်ပြီး ထောင်မီးဖို ချောင်ကနေ လွတ်ထွက်သွားခဲ့တာပါ။
ခါလီဖှီကို ရှာဖွေရာမှာ ကူညီခဲ့တဲ့အတွက် ရဲတွေနဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီက G20 စည်းဝေးပွဲမှာ သတင်းထောက်တွေကို ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်က ပြောခဲ့ပါတယ်။
မေလမှာ ဗြိတိန်စစ်တပ်ကနေ ထွက်လာသူ ခါလီဖှီဟာ အကြမ်းဖက်ဝါဒနဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေနဲ့ တရားမစွဲမီ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။
Source/Photo-Reuters