အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှဒေသတို့ကို ချိတ်ဆက်ပေးမယ့် နိုင်ငံစုံရထားလမ်းနဲ့ ဆိပ်ကမ်းတွေ ကို ချိတ်ဆက်မယ့် သဘောတူညီချက်ကို ကမ္ဘာ့ခေါင်းဆောင်တွေက စက်တင်ဘာ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေး နဲ့ ဆက်စပ် အစည်းအဝေးမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က G20 အဖွဲ့ ထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အစားထိုးမိတ်ဖက်နဲ့ ရင်းနှီးမြုပ်နှံသူအဖြစ် အမေရိကန်အစိုးရကို အမွှမ်းတင်ခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ ခါးပတ်တကွင်း လမ်းတစင်းစီမံကိန်းရဲ့ တွန်းအားပေးမှုကို တန်ပြန်ဖို့ ကြိုးပမ်း နေချိန်မှာ ဒီသဘောတူညီချက်က အရေးပါနေပါတယ်။
ဒီသဘောတူညီချက်ထဲမှာ အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပတို့ကြား သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန် လာစေဖို့ မီးရထားလမ်း၊ လျှပ်စစ်နဲ့ ဟိုက်ဒရိုဂျင် တို့အတွက် စွမ်းအင်ချိတ်ဆက်မှုတွေ ပါဝင်မယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ပြောခဲ့ပါတယ်။
Source/Photo-Reuters