ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စုမှာ ငါးဖမ်းလုပ်သားတွေအပါအဝင် လူပေါင်း ၁၅၀ နီးပါးဟာ နျူးကလီးယား ဓာတ်အားပေးစက်ရုံရဲ့ ရေဒီယိုသတ္တိကြွရေတွေ စွန့်ထုတ်မှုနဲ့ ပက်သက်ပြီး စက်တင်ဘာ ၈ ရက်က တရားစွဲဆိုခဲ့ကြပါတယ်။
ဒါဟာ ဖူကူရှီးမား ဒိုင်အီချီ စက်ရုံရဲ့ ရေဆိုးရေညစ်တွေကို ပစိဖိတ်ပင်လယ်ပြင်ထဲ စွန့်ပစ်နေမှုအပေါ် ရပ်တန့်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအမှုထဲမှာ ဂျပန်အစိုးရနဲ့အတူ တိုကျိုလျှပ်စစ် ဓာတ်အားပေးရေးကုမ္ပဏီ TEPCO တို့ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီစွန့်ပစ်မှုဟာ ငါးဖမ်းမှုဆိုင်ရာ အခွင့်အရေးအပေါ် ချိုးဖောက်ရာကျသလို စားသုံးသူတွေရဲ့ ငြိမ်းချမ်းစွာ နေထိုင်ခွင့်ကိုလည်း ခြိမ်းခြောက်နေတယ်ဆိုပြီး တရားလိုတွေဘက်က အခိုင်အမာ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဖူကူရှီးမားစီရင်စု ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အသိမပေးဘဲ ရေစွန့်ထုတ်တာမျိုး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဂျပန်အစိုးရနဲ့ စက်ရုံလည်ပတ်ရေး ကုမ္ပဏီဘက်က ကတိပေးခဲ့ ဖူးပါတယ်။
အခုလို ကတိပြုထားမှုကို ဖောက်ဖျက်ခဲ့တာ ကြောင့် ဥပေဒကြောင်းအရ ရပ်တန့်နိုင်ဖို့အတွက် ငါးဖမ်းလုပ်သားတွေက ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပက်သက်ပြီး ဂျပန်နိုင်ငံရဲ့ ပြည်တွင်းရော ပြည်ပမှာပါ ကန့်ကွက်မှုတွေ ရှိနေပေမယ့်လည်း သြဂုတ် ၂၄ ရက်မှာတော့ ရေလွှတ်မှု လုပ်ငန်းစဉ် စတင်ခဲ့ပါတယ်။
ဒါကြောင့် ငါးဖမ်းသမားများစွာရဲ့ စားဝတ်နေရေးအပေါ် စိုးရိမ်ပူပန်မှုတွေလည်း ပေါ်ပေါက်လာ ခဲ့တယ်လို့ သိရပါတယ်။
Source/Photo-Reuters