နာဂေါနို- ကာရာဘာ ဒေသအရေးနဲ့ပတ်သက်ပြီး အဇာဘိုင်ဂျန်နဲ့ တင်းမာမှုတွေ တိုးလာနိုင်ခြေနဲ့ အဇာဘိုင်ဂျန်ရဲ့ ပန်းတိုင်မှာ အာမေးနီးယားကို ဖျက်ဆီးဖို့ ဆိုတာတွေအပေါ် စိုးရိမ်ပူပန်နေကြောင်း အာမေးနီးယားမြို့တော် ယဲရဗန်မှာ နေထိုင်သူတွေက စက်တင်ဘာ ၈ ရက်မှာ ပြောကြပါတယ်။
နာဂေါနို- ကာရာဘာဒေသကို အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ် ပြုထားပေမယ့် အာမေးနီးယန်း အာဏာပိုင်တွေ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံဟာ လက်နက်မှောင်ခို ရောင်းဝယ်မှု ရှိနေတာကို တားမြစ်ဖို့ဆိုပြီး အာမေးနီးယား ကနေ သူ့နိုင်ငံအထိ တခုတည်းသော လမ်းတလျှောက်မှာ အသွားအလာ လှုပ်ရှားမှုကို ကန့်သတ် ထား တာပါ။
ကာရာဘာရှိ အာမေးနီးယန်းလူမျိုးတွေရဲ့ အသက်လမ်းမကြီး လို့ သိကြတဲ့ လာချင်းန် စင်္ကြံလမ်းကို ပိတ်ဆို့ထားခြင်းကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လပ်မှု ဖြစ်ပွားခဲ့တယ်လို့ အာမေးနီးယားနိုင်ငံက ပြောပါတယ်။
ဆေးဝါးကုသမှုအတွက် အာမေးနီးယားကို သွားမယ့်သူတွေအတွက် ကြက်ခြေနီအဖွဲ့ကို ရွှေ့ပြောင်းခွင့် ပေးထားတယ်လို့ ဘာကူအစိုးရက ပြောကြားခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်အချက် အလက်တွေ အရ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်မှုမရှိကြောင်း ဖော်ပြနေတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် အစားအသောက်နဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေကို အချိန်အတော်ကြာအောင် ခွင့်မပြုပါဘူး။
စက်တင်ဘာ ၆ ရက်က အာမေးနီးယန်း လိုလားသူ နာဂေါနို- ကာရာဘာ စစ်တပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဇာဘိုင်ဂျန် နယ်စပ်ဒေသကို စစ်လက်နက်ပစ္စည်းတွေ ရွှေ့ပြောင်း နေတာတွေကို ပြသထားတဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters