မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အလည်အပတ်ရောက်ရှိနေတဲ့ တရုတ် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား KRT က စက်တင်ဘာ ၉ ရက် ဖော်ပြခဲ့ပါတယ်။
ဒုတိယဝန်ကြီးချုပ် လူကူးချုန်း ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယား နိုင်ငံရဲ့ နိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုဖို့ စက်တင်ဘာ ၈ ရက် မှာ ပြုံယမ်းကို ရောက်ရှိလာခဲ့တာပါ။
တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ လုပ်ငန်းအဆင့် ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းစေဖို့ ဆန္ဒရှိကြောင်း ဖော်ပြတဲ့ စာတစ်စောင်ကို ပေးပို့ခဲ့ပါတယ်။
မြောက်ကိုးရီးယားဟာ စက်တင်ဘာ ၉ ရက်နေ့ကို သမ္မတနိုင်ငံ ထူထောင်ရေးနေ့ လို့ သတ်မှတ်ထား ပြီး အခုနှစ်မှာ ကိုရီးယားကျွန်းဆွယ်ဟာ ဂျပန်လက်အောက်မှ လွတ်မြောက်လာပြီးနောက် ၇၅ နှစ် မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပါတယ်။
Source/Photo-Reuters