လူပေါင်း ရာချီ သေဆုံးပြီး လူနေ အိမ်ခြေ ၁,၅၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တဲ့ ဟာဝိုင်ယီတောမီး လောင်ကျွမ်းမှု ၁ လပြည့်လာချိန်မှာ လူပေါင်း ၆၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဟာဝိုင်အီပြည်နယ် အုပ်ချုပ်ရေးမှူး ဂျို့ရှ်ဂရင်းန်က စက်တင်ဘာ ၈ ရက်မှာ အစီရင်ခံခဲ့ပါတယ်။
သြဂုတ် ၈ ရက်က အပန်းဖြေစခန်းမြို့ လာ့ဟိုင်းနားမှာ တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၁၅ ဦး သေဆုံးပြီး ရာနဲ့ချီ ပျောက်ဆုံးခဲ့တဲ့အပြင် လူနေ အိမ်ခြေ ၁,၅၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဟာရီကိန်းမုန်တိုင်းနဲ့ ခြောက်သွေ့တဲ့ အခြေအနေတွေကြောင့် လေပြင်းတွေတိုက်ခတ်ရာကနေ လာ့ဟိုင်းနားမြို့ကို ဖြတ်ပြီး တောမီးတွေလောင်ကျွမ်းခဲ့တာမှာ မီးတောက်တွေကနေ လွတ်မြောက်ဖို့ ပစိဖိတ်သမုဒ္ဒရာထဲ ခုန်ဆင်းခဲ့ကြရတဲ့ လူတချို့တော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။
လူအတော်များများဟာ မီးဘေးအန္တရာယ်အတွက် သတိပေးချက် လုံးဝမရှိသလောက် ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူတွေကို ပြောကြားခဲ့ပြီး ကျွန်းရဲ့ အရေးပေါ်သတိပေးချက် အစီအစဉ်တွေကို ပြန်လည် သုံးသပ်ဖို့ တာဝန်ရှိသူတွေ တောင်းဆိုခဲ့ကြပါတယ်။
၁၉၁၈ ခုနှစ်က မင်နီဆိုတာနဲ့ ဝစ်ကိုဆင်တို့မှာ လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် လူပေါင်း ၄၅၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ဒီနှစ်ရဲ့ ဟာဝိုင်ယီတောမီးဟာ အမေရိကန်မှာ အသေအပျောက်အများဆုံး တောမီးဖြစ်ပါတယ်။
Source/Photo-Reuters