မော်ရိုကိုနိုင်ငံမှာ စက်တင်ဘာ ၉ ရက် စနေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၆၃၂ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၃၂၉ ဦးအထိ ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီး မော်ရိုကို ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ခဲ့ပါတယ်။
“မနက် ၇ နာရီအချိန်ထိ ရရှိထားတဲ့ အခြေအနေ ဖြစ်ပြီးတော့ ဒဏ်ရာရသူတွေထဲက ၅၁ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်”လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အတွင်းရေးမှုးချုပ် ရာခစ်ဒ် အလ် ခါလ်ဖှီ က ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် အရေအတွက် ထပ်တိုးလာ မယ်လို့ ခန့်မှန်းရပါတယ်။
ငလျင်ဟာ မော်ရိုကိုနိုင်ငံရဲ့ High Atlas တောင်တန်းတွေမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး လူရာနဲ့ချီ သေဆုံးကုန်ကြရပြီးတော့ အဆောက်အအုံတွေလည်း ပျက်စီးကာ မြို့ကြီးတွေမှာ နေထိုင်သူတွေ လည်း သူတို့နေအိမ်တွေကနေ အမြန်ထွက်ခွာခဲ့ကြရပါတယ်။
သေဆုံးသူအများစုဟာ သွားလာရ ခက်ခဲတဲ့ တောင်ပေါ်ဒေသတွေကဖြစ်ကြောင်း ဒေသခံ အရာရှိ တဦးက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာနကတော့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ တိုက်တွန်းထားပါတယ်။
အလ်ဟို့ဇ်၊ ဝါးဇာဇတ်ထ်၊ မာရကတ်ရှ်၊ အဇီလာလ်၊ ရှီရှားဝါ နဲ့ ထယ်ရူးဒန့်ထ် ပြည်နယ်တွေမှာ လှုပ်ခတ်ခဲ့တဲ့ သေဆုံးသူအရေအတွက်နဲ့ ပတ်သက်ပြီး ရုပ်မြင်သံကြား ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
Source/Photo-Reuters