ဘောလ်တစ်နဲ့ နောဒစ် နိုင်ငံများအဖွဲ့ (NB8)ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ စက်တင်ဘာလ ၇ ရက် ကြာသပတေးနေ့မှာ လတ်ဗီးယားနိုင်ငံ ချဲဆစ်စ်မြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။
ဒီအစည်းအဝေးမှာ စွမ်းအင်လုံခြုံရေးနဲ့ ပေါင်းစပ်ခြိမ်းခြောက်မှုလို့ ခေါ်တဲ့ စစ်ရေးဆိုင်ရာနဲ့ စစ်ရေးမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေအပေါ်လည်း အထူးအာရုံစိုက် ဆွေးနွေးကြဖို့ ရှိပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ယူကရိန်းအတွက် နောက်ထပ် ပံ့ပိုးကူညီမှုတွေကိုလည်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။
ဒိန်းမတ်နဲ့ နယ်သာလန်တို့ဟာ လေယာဉ်မှူးတွေကို ပျံသန်းလေ့ကျင့်ပြီးတာနဲ့ အမေရိကန်လုပ် F-16 အစီး ၆၀ ကျော်ကို ထောက်ပံ့ပေးသွားမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။
NB8 အဖွဲ့ဝင်နိုင်ငံ ၈ နိုင်ငံထဲမှာ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ အိုက်စ်လန်၊ လတ်ဗီးဉား၊ လစ်သူရေးနီးယား၊ နော်ဝေနဲ့ ဆွီဒင်နိုင်ငံတွေ ပါဝင်ပါတယ်။
Source/Photo-Reuters