ဆော်ဒီလိဂ်ရဲ့ ငွေကြေးအင်အားက ဥရောပဘောလုံးလောကအပေါ် အန္တရာယ်မရှိနိုင်ကြောင်း ဥရောပကလပ်အသင်းအဖွဲ့အစည်းဥက္ကဋ္ဌ နာဆာအယ်လ်ခါလိုင်ဖီက ပြောပါတယ်။
ပီအက်စ်ဂျီ အသင်းဥက္ကဋ္ဌဖြစ်သူ အယ်လ်ခါလိုင်ဖီဟာ ဥရောပကလပ်အဖွဲ့အစည်းကို ၂၀၀၈ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီး အသင်းပေါင်းရာချီက အဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။
ဥရောပဘောလုံးလိဂ်တွေက အကြီးမားဆုံးပြိုင်ပွဲတွေ ဖြစ်ကြပြီး အကောင်းဆုံး ကစားသမားတွေလည်း ဆက်လက်ကစားနေကြကြောင်း အယ်လ်ခါလိုင်ဖီက ပြောပါတယ်။
ကာတာနိုင်ငံသား အယ်လ်ခါလိုင်ဖီက “အသင်းအများစုက သူတို့လိဂ်ဆီ ကစားသမားတွေ ရောင်းချနေတာကတော့အမှန်ပါ။ ဒါက အန္တရာယ်ရှိသလားဆိုတော့ ကျနော့်အမြင်ပြောရရင် အန္တရာယ်သာ ရှိမယ်ဆိုရင် ဥရောပကလပ်တွေက နှုတ်ဆိတ်နေမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်ရှိအချိန်ထိတော့ အန္တရာယ်ဖြစ်စရာ အကြောင်းမရှိသေးပါဘူး” လို့ ပြောပါတယ်။
ဆော်ဒီပရိုလိဂ်ဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ စတုတ္ထမြောက် ငွေကြေးအများဆုံး အသုံးပြုတဲ့ လိဂ်ဖြစ်ခဲ့ပါတယ်။
Photo-Reuters