Home
မြန်မာသတင်း
မုံရွာ၌ LPDF စခန်းကို စစ်ကောင်စီတပ်က စီးနင်းပြီး တပ်ဖွဲ့ဝင်များအား သတ်ဖြတ်
DVB
·
September 7, 2023
MonYwaLPDF arrested killedby SAC 06092023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကြေးမုံရွာအနီးက ပြည်သူ့ကာကွယ်ရေး LPDF စခန်းတခုကို စက်တင်ဘာ ၆ ရက် မနက်အစောပိုင်း ၅ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးခံခဲ့ရကာ ၄ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ညက အဲဒီဘက်မှာ မိုးတွေရွာတယ်ဗျ။ အဲဒီအချိန်လောက်တည်းက စစ် (-) အင်အား ၁၀၀ ကျော်လောက် စခန်းနဲ့နီးတဲ့ လမ်းကြောင်းမှာ ကပ်နေတာဖြစ်မယ်။ မနက်အစောပိုင်းမှာ လက်နက်ကြီးတွေနဲ့ အရင်ပစ်ပြီး ဝင်စီးတာ။ အင်အားမမျှလို့ အဖမ်းခံလိုက်တာကို ပစ်သတ်သွားကြတာ။ သုံးယောက်က အဲဒီနေရာမှာတင် ကျတယ်။ ကယ်ထုတ်ချိန်မှာ တယောက် ထပ်ကျတယ်။ နှစ်‌ယောက်က ဒဏ်ရာပြင်းတယ်၊ အခု ဆေးကုသမှုတော့ ပေးနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းက LPDF စခန်းတခုကို ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကို ပစ်ခတ်သတ်ဖြတ်ကာ စစ်ကြောင်းဆုတ်ခွာသွားချိန် ပကဖအဖွဲ့က ဝင်ရောက်ရှာဖွေချိန်မှာ နေရာတင် ၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိသူတွေထဲက ၃ ဦးကို ကယ်ထုတ်နေစဉ် ၁ ဦး ထပ်မံသေဆုံးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေမှာ အသက် ၂၀ နဲ့အထက် LPDF တပ်ဖွဲ့ဝင် လူငယ်တွေဖြစ်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024