အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကြား အဓိကနယ်စပ်ဖြတ်ကျော်တဲ့ တော်ခန်းမ်ဂိတ်ကို စက်တင်ဘာ ၆ ရက်မှာ ပိတ်ပစ်လိုက်ပြီး နှစ် နိုင်ငံ လုံခြုံရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုကြောင့် ပိတ်လိုက်တာလို့ ပါကစ္စတန် လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
တော်ခန်းမ်ဂိတ်နေရာမှာ သေနတ်သံတွေ ကြားခဲ့ရပြီး ခိုင်ဘာတောင်ကြားလမ်း အနီးရှိ လူစည်ကားတဲ့ နယ်စပ်ဧရိယာတဝိုက်က လူတွေဟာ ပစ်ခတ်မှု စတင်ချိန်မှာပဲ တပြိုင်နက် ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာလီဘန်တွေနဲ့ ပါကစ္စတန် တပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမဲ့ အသေအပျောက် တစုံတရာ မရှိသေးကြောင်း အမည်မဖော်လိုသူ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။
ဒီနယ်စပ်ဖြတ်ကျော်ဂိတ်ကို ဖေဖော်ဝါရီလ အပါအဝင် မကြာသေးတဲ့ နှစ်တွေအတွင်းက အကြိမ်ပေါင်းများစွာ ပိတ်လိုက်ဖွင့်လိုက် လုပ်ထားခဲ့တာဖြစ်ပြီး ကုန်ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်တင်ကား ထောင်ပေါင်းများစွာဟာ နယ်စပ်တဖက်စီမှာ ရက်အတော်ကြာ သောင်တင်နေခဲ့ကြပါတယ်။
Source/Photo-Reuters