Home
နိုင်ငံတကာ
မြန်နှုန်းမြင့် ရထားလမ်းဖောက်လုပ်ရန် အင်ဒိုနှင့် တရုတ် ဆွေးနွေး
DVB
·
September 7, 2023
China-Indonesia_Reuters_07092023

တရုတ်ဝန်ကြီးချုပ် လီချန်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာ ၆ ရက်က အစမ်းပြေးဆွဲမှုအတွင်း ကျည်ဆန်ရထား စီးခဲ့ပါတယ်။

ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ပေကျင်း-အင်ဒိုနီးရှား ရထားလမ်းစီမံကိန်းကို တိုးချဲ့ဖို့ တရုတ်နဲ့ အင်ဒိုနီးရှားတို့ ဆွေးနွေးခဲ့ကြတယ်လို့ အင်ဒိုနီးရှား အကြီးတန်း ဝန်ကြီးတဦးက ပြောခဲ့ပါတယ်။

တနာရီ ၈၈ မိုင်အထိမြန်တဲ့ မြန်နှုန်းမြင့်ရထားလိုင်းဟာ လက်ရှိမှာ မြို့တော်ဂျကာတာကနေ ဘန်ဒေါင်းမြို့ဆီ ဆက်သွယ်ထားပါတယ်။

ဂျာဗားကျွန်းကိုဖြတ်ပြီး ကီလိုမီတာ ၇၀၀ ကျော်အကွာက အင်ဒိုနီးရှားရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဆူရာဘာယာမြို့ဆီ ရထားလမ်းကို တိုးချဲ့မယ့် အလားအလာကို လီနဲ့ ဆွေးနွေးခဲ့ပြီး ဝန်ကြီးချုပ်က ထောက်ခံခဲ့တယ်လို့ ရေကြောင်းရေးရာနှင့် ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေးဝန်ကြီး လူဟွတ်ထ် ပန်ဂျိတ်တန်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

လီနဲ့ လူဟွတ်ထ်တို့ဟာ ဂျကာတာမြို့တော်ကနေ မြို့ဆင်ခြေဖုံးအထိ ရထားလမ်းပိုင်း အတိုအတွင်း ရထားကို စမ်းသပ်စီးနင်းခဲ့ကြပါတယ်။

တရုတ်နိုင်ငံရဲ့ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ စီမံကိန်းဟာ မြေယာဝယ်ယူရေးပြဿနာတွေ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ တအိအိတက်နေတဲ့ ကုန်ကျစရိတ်တွေကြောင့် ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024