Home
နိုင်ငံတကာ
ဂျပန်နိုင်ငံက H-IIA ဒုံးပျံ လွှတ်တင်
DVB
·
September 7, 2023
Japan launches moon lander_Reuters_07092023

ဂျပန်နိုင်ငံမှာ ရာသီဥတုမသာယာလို့ ပြီးခဲ့တဲ့လက တပတ်အတွင်း ၃ ကြိမ် ရွှေ့ဆိုင်းခဲ့ပြီးနောက် အမျိုးသားအာကာသအေဂျင်စီရဲ့ လဆင်းယာဉ်ကို တင်ဆောင်လာတဲ့ H-IIA ဒုံးပျံကို စက်တင်ဘာ ၇ ရက်က လွှတ်တင်လိုက်ပါပြီ။

ဒီဒုံးပျံဟာ စီစဉ်ထားတဲ့အတိုင်း ဂျပန်နိုင်ငံတောင်ပိုင်း တာ့နဲငါ့ရှိမ အာကာသစခန်းကနေ ထွက်ခွာသွားပြီလို့ ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (JAXA) က ပြောပါတယ်။

ဒုံးပျံကို လွှတ်တင်ခဲ့တဲ့ မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းက ဒုံးပျံလွှတ်တင်တဲ့ အကြောင်းကို အရင်က တွစ်တာလို့ သိခဲ့ကြတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X မှာ အတည်ပြုခဲ့ပါတယ်။

အတိအကျ ဆင်းသက်နိုင်တဲ့ နည်းပညာကို စမ်းသပ်ထားပြီး “မွန်းစနိုက်ပါ” လို့ နာမည်ပေးထားတဲ့ JAXA ရဲ့ Smart Lander for Investigating Moon (SLIM) အာကာသယာဉ်ကို ဒီဒုံးပျံက သယ်ဆောင်သွားတာပါ။

SLIM အာကာသယာဉ်ဟာ လာမယ့်နှစ်အစောပိုင်းမှာ လမျက်နှာပြင်ပေါ်ကို ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024