Home
အားကစား
၂၀၂၃ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရရန် မက်ဆီ ရေပန်းစား
DVB
·
September 7, 2023
Messi leads list BallonD'Or

အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ၂၀၂၃ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆု ရရှိဖို့ ရေပန်စားနေပါတယ်။

ဘလွန်းဒီအောဆုအတွက် ဆန်ခါတင်အယောက် အယောက် ၃၀ စာရင်းကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။

ဆန်ခါတင်စာရင်းမှာ မက်ဆီအပါအဝင် ပရီးမီးယာလိဂ်က ကစားသမားတွေဖြစ်ကြတဲ့ ဟာလန်း၊ ဆာကာ၊ ဒီဘရိုင်း တို့လည်း ပါဝင်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံ မက်ဆီအနေနဲ့ မန်စီးတီးနဲ့အတူ ဥရောပချန်ပီယံဆုဖလား အပါအဝင် တရာသီအတွင်းမှာ ဆုဖလားသုံးလုံး ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းနဲ့ အဓိကယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုကတော့ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် ဘလွန်းဒီ အောဆုအတွက် ဆန်ခါတင် အယောက် ၃၀ ဦးစာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဘွန်းဒီအော အကောင်းဆုံးကစားသမားဆုကိုတော့ ပြင်သစ်တိုက်စစ်မှူး ဘင်ဇီမာက ရရှိခဲ့ပါတယ်။

Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024