Home
မြန်မာသတင်း
ကရင်နီပြည်နယ်တွင် ယခုနှစ်အတွင်း အရပ်သားနှင့် စစ်ရှောင်ပြည်သူ ၁၀၀ ကျော်သေဆုံး
DVB
·
September 6, 2023
Karenni War vcitims 1
Karenni War vcitims 2
Karenni War vcitims 3
Karenni War vcitims 4

ကရင်နီပြည်နယ်(ကယား) မှာ ၂၀၂၃ ခုနှစ်အတွင်း အရပ်သားနဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လကုန်အထိ အရပ်သား ၈၄ ဦးနဲ့ စစ်ရှောင်ပြည်သူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အရပ်သားပြည်သူနဲ့ စစ်ဘေးရှောင်ပြည်သူ သေဆုံးမှုဆိုပြီး ၂ ပိုင်းခွဲထားပြီး အရပ်သားတွေဟာ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကြီးထိမှန်မှု၊ မြေမြှုပ်မိုင်းနင်းမိမှုတွေကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကတော့ စစ်ရှောင်ရင်း အသက်ကြီးသူတွေက ထိတ်လန့်ပြီး သေဆုံးမှု၊ ဖျားနာတဲ့အခါ အစားအသောက်နဲ့ ဆေးဝါးမလုံလောက်မှုတွေကြောင့် သေဆုံးနေရတယ်လို့ PKPF ထံမှ သိရပါတယ်။

PKPF တာဝန်ရှိသူက “အရပ်သားသေဆုံးမှုကတော့ စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုပေါ့၊ စစ်ရှောင်တွေကတော့ အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးငယ်တွေရဲ့ ကာကွယ်ဆေး မလုံလောက်တာတွေကြောင့် သေဆုံးတာတွေလည်း ရှိနေတယ်လို့” ဒီဗွီဘီကို ပြောပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF အနေနဲ့ စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် ကျူးလွန်မှုတွေကို သက်သေနဲ့တကွ မှတ်တမ်းတွေထားရှိပြီး အရေးယူမှုတွေ လုပ်နိုင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024